နေပြည်တော် မေ ၄
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မေလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ၊ Morodok Techo Stadium ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား ကျင်းပပုံများကို ယင်းနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှ စတင်၍ မြန်မာအသံနှင့်ရုပ်မြင်သံကြား၏ MRTV HD Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ည(၈)နာရီ သတင်းမတိုင်မီ အထိလည်းကောင်း၊ MRTV Farmers Channel ၊ MRTV Sports Channel ၊ MRTV Parliament Channel တို့မှ တစ်ဆက်တည်းပြသမှုဖြင့်လည်းကောင်း တိုက်ရိုက် Live ထုတ်လွှင့်မည်ဖြစ်သည်။
ထို့ပြင် MRTV Website ၊ MOI Youtube၊ MRTV Facebook Page တို့မှလည်း တိုက်ရိုက် Live ထုတ်လွှင့်မည်ဖြစ်သည်။
သတင်းစဉ်