(၂၅)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း (၅)မိုင် အပြေးတက်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ၃၀ ဒီဇင်ဘာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၂၅)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၅ နာရီခွဲတွင် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)၌ ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲဝင် အသင်းများအား သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်။

3+5

ပြိုင်ပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့နှင့် လက်အောက်ခံတပ်ဖွဲ့ခွဲများ၊ သီးခြားတပ်ဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များ၊ ရဲလေ့ကျင့်ရေးကျောင်းများမှ ပြိုင်ပွဲဝင် အသင်း (၃၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ ရဲအရာရှိကြီးများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ တပ်ဖွဲ့ဝင်များနှင့် အသင်းအုပ်ချုပ်သူများ၊ မိသားစုများ တက်ရောက်ကြည်ရှုအားပေးခဲ့ကြသည်။

9+

ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်း(၅)မိုင် အပြေးတက်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်၊ လုပ်ငန်းတာဝန်(၆)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ စွမ်းရည်ထက်မြက်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရေးအတွက် အဖက်ဖက်မှ မြှင့်တင်ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်တိုင်း သည် ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်ခိုင်မာပြီး စည်းကမ်းကောင်းမွန်သည့် လက်ရုံးရည်၊ နှလုံးရည်(၂)ရပ်စလုံး ပြည့်စုံနေစေရန်၊ အမိန့်နာခံမှု၊ စည်းလုံးညီညွတ်မှု၊ လျင်မြန်တက်ကြွစွာ လှုပ်ရှားနိုင်မှု၊ ပင်ပန်းဆင်းရဲဒဏ်ခံနိုင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့် အစဉ်အလာကောင်းများ ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရဲပြန်ကြား