၂၀၄၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများစေလွှတ်ရန် အိန္ဒိယရည်ရွယ်ထား

 

နယူးဒေလီ၊ အောက်တိုဘာ ၁၉

 

၂၀၄၀   ပြည့်နှစ်တွင်   လပေါ်သို့ အာကာသယာဉ်မှူးများ စေလွှတ်ရန် ရည်ရွယ်ထားသည်ဟု အိန္ဒိယ အာကာသ အေဂျင်စီက  ကြေညာခဲ့သည်။ 

 

လမျက်နှာပြင်ပေါ်သို့ မကြာသေးမီကမှ လစူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အိန္ဒိယအာကာသသုတေသန အဖွဲ့အစည်း၏ အကြီးအကဲနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့် တွေ့ဆုံပြီးနောက် အာကာသစူးစမ်းရှာဖွေရေးတွင် နိုင်ငံတော်၏ ကတိကဝတ်များကို အတည်ပြုခဲ့သည်။ နိုင်ငံအနေဖြင့် ယခု ထက်ပို၍ ကြီးမားသောရည်မှန်း ချက်ပန်းတိုင်များ ထားရှိသင့် ကြောင်း မိုဒီကပြောသည်။

 

လူလိုက်ပါသည့် အာကာသယာဉ် လပေါ်သို့စေလွှတ်နိုင်ရေးနှင့် ၂၀၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်း ဆောက်လုပ်နိုင်ရေးတို့ပါဝင်သည်။ ဩဂုတ်လအတွင်း ချန်ဒရာယန် -၃ ကို လတောင်ဝင်ရိုးစွန်းတွင် ဆင်းသက်နိုင်ခဲ့ပြီး လူမဲ့ လဆင်းယာဉ်ကို တောင်ဝင်ရိုးစွန်းတွင် ဆင်းသက်နိုင်သည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။

 

အဆိုပါ လဆင်းယာဉ်သည် လမျက်နှာပြင်ပေါ်မှ အချက်အလက်များကို ကောက်ယူ စုဆောင်းခဲ့သည်။ အာကာသ စူးစမ်းလေ့လာရေးတွင် ဦးဆောင်သူနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာစေရန် အိန္ဒိယက ရည်မှန်းထား သည်။

 

အင်န်အိတ်ချ်ကေ