၂၀၃၀ ခုနှစ်တွင် ငှက်ဖျားရောဂါပပျောက်ရေး စီမံချက်အဖြစ် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)က ငှက်ဖျားဆိုင်ရာ အသိပညာများ ကွင်းဆင်းဟောပြော

ရွှေသောင်ယံ ၂၀  သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ မြန်မာတစ်နိုင်ငံလုံး ၂၀၃၀ ခုနှစ်တွင် ငှက်ဖျားပပျောက်ရေးစီမံချက်အနေဖြင့် ငှက်ဖျားဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) က ကွင်းဆင်းဟောပြော လျှက်ရှိကြောင်း သိရသည်။ 


အဆိုပါငှက်ဖျားဆိုင်ရာ အသိပညာပေးဟောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သဲကုန်းအုပ်စု သဲကုန်းကျေးရွာ ကျူတောကျေးရွာများတွင် ကွင်းဆင်းဟောပြောရာ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဒေါက်တာမင်းခန့်သူနှင့် ကျန်းမာရေးမှူး ဦးဇင်မောင်မောင်တို့က ငှက်ဖျားဖြစ်သည့် အဓိကအကြောင်းများ၊ ငှက်ဖျားဖြစ်နိုင်သည့်အုပ်စုများ၊ ငှက်ဖျားရောဂါ၏ ခံစားရသော လက္ခဏာများ၊ ချက်ချင်းကုသမှု မခံယူလျှင် ရောဂါပြင်းထန် အသက်ဆုံးရှုံးနိုင်ပုံ၊ ငှက်ဖျားမဖြစ ်အောင် ကာကွယ်ပုံ၊ ခြင်ကိုက်မခံရအောင် ကာကွယ်ရန် အခြားနည်းလမ်းများနှင့် တာရှည်ခံ ဆေးစိမ်ခြင်ထောင် အကြောင်းများကို မိဘပြည်သူများ နားလည်သဘောပေါက်စေမည့် ဥပမာများနှင့် အပြန်အလှန် ဆွေးနွေး ဟောပြောသွားခဲ့သည်။


ဆက်လက်၍ ရွှေသောင်ယံမြို သပေါ့ကန်ကျေးလက်ကျန်းမဌာန ကျန်းမာရေးမှူး ဦးမျိုးအောင်ကျော်က H1N ရောဂါလက္ခာအား ပြည်သူများကို ဟောပြောဆွေးနွေးခဲ့သည်။


အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို)က ငှက်ဖျားစီမံချက် တံဆိပ်ပါ တီရှပ်အထည် ၁၀ဝ နှင့် အချိုရည်များ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနက (Mask)များကို တက်ရောက်လာသည့် မိဘပြည်သူ ၁၀ဝ အား အခမဲ့ပေးဝေခဲ့ကြောင်းနှင့် ၂၀၃၀ ငှက်ဖျားပပျောက်ရေး စီမံချက်ဟောပြော အသိပညာပေးခြင်းကို ရွှေသောင်ယံမြို့အနေဖြင့် ၄ ကြိမ်တိုင် ပြုလုပ်ဟောပြောပြီးကြောင်း သိရသည်။


မေကြည်(ပြန်/ဆက်)

 

1