၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၂၂

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၂ သင်း၊ အမျိုးသမီး အသင်း ၁၁ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဘတ်စကက်ဘောအားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်