၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းဝေးစေရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၉ လမှ ၅ နှစ်ခွဲအတွင်းရှိ ကလေးသူငယ်များကို ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တစ်ကြိမ်းထိုးပေးမည်

မန္တလေး ၂၀ အောက်တိုဘာ

၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းဝေးစေရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ အသက် လမှ နှစ်ခွဲအတွင်းရှိ ကလေးသူငယ်များကို ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တစ်ကြိမ်းထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ အသက် လမှ နှစ်ခွဲ ကလေးငယ်အားလုံးကို ကာကွယ်ဆေး အပိုဆောင်းတစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။

ဝက်သက်၊ ဂျိုက်သိုးရောဂါရော ဒီရောဂါတွေကြောင့် မွေးရာပါရောဂါတွေ နောက်ဆက်တွဲ မဖြစ်ပေါ်လာနိုင်အောင် ရောဂါတွေကို ကာကွယ်နိုင်ဖို့ရော ကင်းဝေးနိုင်ဖို့ရော အခုလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နှစ်အောက်ကလေးငယ်တွေကို သေဆုံးမှုလျှော့ချရန်လည်း ရည်ရွယ်ပါတယ်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါကာကွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာလွင်က ပြောသည်။

အဆိုပါအစီစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ သွားလာရေးခက်ခဲသောဒေသ ၉၆ မြို့နယ်တွင် အောက်တိုဘာလမှာ ထိုးနှံပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် ကျန်မြို့နယ် ၂၃၄ ခုကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝက်သက်ရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားပြီး အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုး ဖြစ်သည်။ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ပြင်းထန်အရည်ခန်းခြောက်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါများနှင့် ပြင်းထန်အဟာရချို့တဲ့ ရောဂါများရရှိပြီး သေဆုံးနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမှု နည်းတဲ့နေရာတွေမှာ ဝက်သက်ရောဂါ၊ ကူးစက်ဖြစ်ပွားမှု များပြားလာတာ တွေ့ရပါတယ်ဟု အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ပြောသည်။

၂၀၁၈ ခုနှစ်မှာ ဝက်သက်ရောဂါဖြစ်ပွားမှု ၂၃၉၀ ဦး၊ ၂၀၁၉ ခုနှစ်မှာ ၃၈၆၂ ဦး ကူးစက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျိုက်သိုးရောဂါကူးစက်မှုသည် ကလေးများတွင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်များ ရောဂါကူးစက်ခံရပါက ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေဆုံးခြင်း၊ မွေးရာပါဂျိုက်သိုးရောဂါ ခံစားရသော ကလေးအဖြစ် မွေးရာပါနှလုံးရောဂါ၊ မျက်စိအတွင်းတိမ်၊ နားမကြားဆွံ့အခြင်းများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတွင် အသက် လမှာ ပထမတစ်ကြိမ်၊ အသက် ၁၈ လမှာ ဒုတိယအကြိမ် စသဖြင့် ကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိသည်။

ဝိုင်