၂၀၂၃ ခုနှစ် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၄

 

(၁၉) ကြိမ်မြောက် အာရှအားကစားပွဲတော်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ အုပ်စု (A) ၏နောက်ဆုံးပွဲစဉ်အနေဖြင့်  မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် အိန္ဒိယအသင်းတို့သည် စက်တင်ဘာ ၂၄ ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားကြပုံကို ညနေ (၅) နာရီ (၄၅) မိနစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV HD၊ MRTV Sports Channel၊ MRTV Farmers’ Channel ၊ MRTV Parliament Channel နှင့်  မြန်မာ့အသံရေဒီယိုတို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။

 

MRTV