၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲကို ပွဲကြည့်ပရိတ်သတ် အကန့်အသတ်ဖြင့် ကျင်းပသွားနိုင်ကြောင်း ထုတ်ပြန်

၃၀ ဇူလိုင်

 

 

ဂျပန်နိုင်ငံက တိုကျိုအိုလံပစ်ပြိုင်ပွဲကို တစ်နှစ်တိတိ ကပ်ရောဂါပိုးကြောင့် နောက်ဆုတ်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ကျင်းပသွားမယ့် ပြိုင်ပွဲကို ပရိသတ် အကန့်အသတ်နဲ့ ကျင်းပသွားနိုင်ကြောင်း တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပရေး အကြီးအကဲ တိုရှီရိုမူတိုက ပြောပါတယ်။

 

 

မူတိုက ၂၀၂၁ မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းရေးနဲ့ ဖျက်သိမ်းရေးအတွက် ဆွေးနွေးစရာ မရှိဘဲ နောက်နှစ်မှာ ပြိုင်ပွဲကျင်းပမယ်ဆိုတာကို လူတိုင်းက ရည်မှန်းထားသင့်ကြောင်း ဘီဘီစီ အားကစားသတင်းကို ပြောကြားပါတယ်။

 

 

နိုင်ငံတကာ အိုလံပစ် ကော်မတီ အကြီးအကဲ သောမတ်ဘတ်ချ်က ပြိုင်ပွဲတွေကို ပရိသတ် မပါဘဲတော့ မကျင်းပလို ကြောင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းအရ ပရိသတ် အနည်းငယ် တက်ရောက်နိုင်မယ့် ပြိုင်ပွဲမျိုးကို အလိုရှိကြောင်း တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပရေး အကြီးအကဲ မူတိုက ပြောပါတယ်။

 

 

ဂျပန်နိုင်ငံကို နိုင်ငံပေါင်း ၁၄၀ ကျော်က နိုင်ငံသားတွေ လာရောက်လည်ပတ်ခွင့် ပိတ်ပင်ထားပေမယ့် အဲဒီစာရင်းကို တဖြည်းဖြည်းချင်း ပယ်ဖျက်ပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

 

 

MDN

ကိုးကား - AFP