(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော်  ၆  မတ်

 

(၂၀၂၀) ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ပွဲစဉ်များအနက် ဇွဲကပင်ယူနိုက်တက် FC အသင်း နှင့်  Southern Myanmar FC အသင်း တို့သည် မတ် (၇) ရက် ညနေ(၄)နာရီမှစတင်၍ ရန်ကုန်မြို့ရှိ  သုဝဏ္ဏအားကစားကွင်းတွင်   ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့်      MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ(၃) နာရီ(၄၅) မိနစ်မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်