၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များထွက်ပေါ်

ဒီဇင်ဘာ ၃၁

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး အဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် တန်းတက် အား/ကာသိပ္ပံအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပထမအကျော့ပွဲစဉ်များကို ဇန်နဝါရီ ၁၀ ရက်မှ ဧပြီ ရက်၊ ဒုတိယအကျော့ပွဲစဉ်များကို မေ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းအနက် ကိုးသင်းမှာ အိမ်ကွင်းလက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်း မရှိသည့် မကွေး၊ ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့မှာမူ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။

ပွဲစဉ် () အဖြစ် ဇန်နဝါရီ ၁၀ ရက်တွင် မန္တလာသီရိကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် မကွေးအသင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပဲခူးကွင်း၌ ဟံသာဝတီအသင်းနှင့် ရခိုင်အသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို နိုင်ငံတကာရက်သတ္တပတ်များမှလွဲ၍ အပတ်စဉ်ကျင်းပမည်ဖြစ်ပြီး အချို့အပတ်များတွင် သောကြာနေ့များတွင်ပါ ကျင်းပမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းသည် အာရှအဆင့် ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ယင်းပွဲများနှင့် ညှိနှိုင်းကာ ရေးဆွဲထားခြင်းဖြစ်သည်။ အိမ်ကွင်းအဖြစ် ရန်ကုန်အသင်းက YUSC ကွင်း၊ ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးကွင်း၊ ရတနာပုံအသင်းက ဗထူး/မန္တလာသီရိကွင်း၊ ဧရာဝတီအသင်းက ပုသိမ်ကွင်း၊ ဟံသာဝတီအသင်းက ပဲခူးကွင်း၊ Southern အသင်းက မော်လမြိုင်ကွင်း၊ အား/ကာသိပ္ပံအသင်းက မန္တလာသီရိကွင်း၊ စစ်ကိုင်းအသင်းက မုံရွာကွင်း၊ ရခိုင်အသင်းက ဝေသာလီကွင်းတို့ကို အသုံးပြုမည်ဖြစ်သည်။

MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ၁၁ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ်နှင့် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်။ ၂၀၁၉ ရာသီတွင်မူ ရှမ်းယူနိုက်တက်အသင်းက ရှုံးပွဲမရှိစံချိန်နှင့်အတူ အမှတ်ပေးချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးသုံးနှစ်အတွင်း ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်