၂၀၂၀ ပြည့်နှစ်တွင် ကွေးနိုင်ဆန့်နိုင်သော မျက်နှာပြင်ဖြင့် iphone ထုတ်လုပ်နိုင်ရန် LG နှင့် Apple တို့ ပူးပေါင်းဖွယ်ရှိ

၂၃ အောက်တိုဘာ 

ယခုအခါတွင် Apple သည် ကွေးနိုင်ဆန့်နိုင်သည့် မျက်နှာပြင် ပါဝင်သည့် စမတ်ဖုန်း အမျိုးအစားသစ်ကို LG နှင့် ပူးပေါင်းကာ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်သွားနိုင်ဖွယ် ရှိသည်ဟု နည်းပညာ မီဒီယာများတွင် သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။


ပြိုင်ဘက် နိုင်ငံတူဖြစ်သော Samsung မှ လာမည့် ၂၀၁၈ ခုနှစ်တွင် ကွေးနိုင်ဆန့်နိုင်သည့် မျက်နှာပြင်နှစ်ဖက် ပါဝင်သော စမတ်ဖုန်းသစ်ကို ထုတ်လုပ်သွားဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်းတွင် LG နှင့် Apple ပူးပေါင်းကာ ယခုကဲ့သို့ စမတ်ဖုန်းသစ်ကို ထုတ်လုပ်သွားမည်ဟု သတင်းများထပ်မံ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။


Apple အဆိုပါ နည်းပညာသစ်နှင့် ကွေးနိုင်ဆန့်နိုင်သည့် မျက်နှာပြင်ပါသော စမတ်ဖုန်းသစ်ကို လာမည့် ၂၀၂၀ တွင် ထုတ်လုပ်သွားနိုင်ဖွယ်ရှိသည့် သတင်းစကားတချို့ ထွက်ပေါ်လာခြင်း ရှိနေခဲ့ပြီး လက်ရှိ ထွက်ရှိပြီးခဲ့သော iphone အမျိုးအစား အသစ်များအတွက် OLED Panel များကို Samsung မှ တာဝန်ယူ ဖန်တီးပေးထားခြင်း ဖြစ်ကာ ယခုကဲ့သို့ ပြိုင်ဘက် LG နှင့် Apple တို့ ပူးပေါင်းလိုက်သည့် သတင်းမှာ အလွန် စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။ 


ALEX