၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ(၂၉) ရွေးကောက်ပွဲကိုယ်စားလှယ်များ၏အခန်းကဏ္ဍ

မောင်စာဂ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပပါမည်။ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းကြပါတော့မည်။ ဤတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသည်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ကြရတော့ မည်။ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏အခန်းကဏ္ဍ မည်သို့ရှိသနည်း။ လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများမှ ကောက်နုတ်၍ အနှစ်ချုပ်မျှဝေပါရစေ။

 

ရွေးကောက်ပွဲကိုယ်စားလှယ်ဟူသည်

ရွေးကောက်ပွဲကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်ရွေးကောက်ပွဲတစ်ရပ်တွင်ပါဝင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ၎င်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို ၎င်း၏ကိုယ်စား ဆောင်ရွက်နိုင်ရန် ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးခြင်းခံရသူကိုဆိုသည်။

 

အရည်အချင်းသတ်မှတ်ချက်

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးသည် ၎င်းအား ခန့်အပ်တာဝန်ပေးမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ဥပဒေအရ သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရပါမည်။

 

ခန့်အပ်ခြင်းနည်းလမ်း

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးဦးကို ဖြစ်စေ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ခန့်ထားခွင့်ရှိသည်။ မိမိကိုယ်တိုင် မိမိ၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်ဖြစ်လျှင် ထိုသို့ဆောင်ရွက်မည်ဖြစ်ကြောင်း အမည်စာရင်းတင်သွင်းလွှာ ပုံစံ () စာပိုဒ် ၁၄()တွင် ဖော်ပြရမည်။ ပြီးလျှင် ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်စာ ပုံစံ ()တွင် ဖြည့်သွင်း၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်။ အခြားသူတစ်ဦးအား မိမိ၏ ရွေးကောက်ပွဲကိုယ်စားလှယ် အဖြစ် ခန့်ထားမည်ဆိုပါက ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်စာ ပုံစံ (-က)တွင် ဖြည့်သွင်းတင်ပြ ရမည်။ ယင်းခန့်စာတွင် ခန့်ထားခြင်းခံရသူက သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။

 

ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် တာဝန်

ရွေးကောက်ပွဲကိုယ်စားလှယ်သည် ငွေစာရင်းစာအုပ်များကို စနစ်တကျထားရှိပြီး အောက်ပါတို့ကို မှန်ကန်စွာရေးသွင်းရမည်-

(က)    ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ငွေကျပ်သိန်း ၁၀၀ မကျော်သည့် ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ်၊

()     လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် မိမိ ကိုယ်ပိုင်ငွေ၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီကဖြစ်စေ၊ ကုမ္ပဏီ၊ ကုမ္ပဏီအစု အဖွဲ့များကဖြစ်စေ၊ တရားဝင်ရရှိထားသော ငွေကြေးများထဲမှ ထည့်ဝင်လှူဒါန်း သောငွေ သို့မဟုတ် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့ထည့်ဝင်ငွေဖြင့် ကျခံပြီးသည့် ကုန်ကျစရိတ်များ၊

()     လွှတ်တော်ကိုယ်စားလှယ်လောင်းက ပေးရန်ရှိသည့် အကြွေးများ။

ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ (၂၀)ဖြင့် ရေးသွင်း၍ မိတ္တူတစ်စုံကူးယူပြီး မူရင်းနှင့်အတူ ရွေးကောက်ပွဲရလဒ်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရမည်။

 

အမည်စာရင်းတင်သွင်းနိုင်ခွင့်ရှိခြင်း

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးသည် မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အတွက် အမည်စာရင်းတင်သွင်းလွှာကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်း နိုင်ခွင့်ရှိသည်။ အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ရန် သတ်မှတ်ထားသည့် နေ့ရက်၊ အချိန် နှင့် နေရာသို့ လာရောက်ခွင့်ရှိသည်။ မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းက အမည်စာရင်း တင်သွင်းလွှာကို ယင်း၏ ဆန္ဒအလျောက် ရုပ်သိမ်းလိုလျှင် သတ်မှတ်ထားသည့် ကာလအတွင်း ရုပ်သိမ်းလွှာ ပုံစံ ()နှစ်စောင်ကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြခွင့်ရှိသည်။

 

ရွေးကောက်ပွဲကိုယ်စားလှယ်က အာမခံငွေထုတ်ယူခွင့်ရှိခြင်း

မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် အမည်စာရင်းတင်သွင်းလွှာကို အပယ်ခံရ လျှင် သို့မဟုတ် ရွေးကောက်ပွဲစတင်မကျင်းပမီ ကွယ်လွန်လျှင် သို့မဟုတ် ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားလျှင် သို့မဟုတ် မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေးကောက် တင်မြှောက်ခံရလျှင် သို့မဟုတ် မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေးကောက် တင်မြှောက်ခြင်းမခံရသော်လည်း ရွေးကောက်ပွဲတွင် ခိုင်လုံသောဆန္ဒမဲ ရှစ်ပုံတစ်ပုံနှင့် အထက် ရရှိလျှင် ပေးသွင်းထားသော အာမခံငွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ ပြန်လည်ထုတ်ယူခွင့်ရှိသည်။

 

 

ကြည့်ရှုခွင့်ရှိခြင်း

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးသည် ဆန္ဒမဲပေးသည့်အချိန်မှစ၍ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်း ပြီးဆုံးသည့်အချိန်ထိ မဲရုံထဲသို့ ဝင်ရောက်ကြည့်ရှုခွင့်ရှိသည်။

 

ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများ၊ မသန်စွမ်းသူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေသော အတွင်းလူနာများထံသို့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲဝင်များကသွားရောက်၍ ကြိုတင်ဆန္ဒမဲရယူရာတွင် လိုက်ပါကြည့်ရှုခွင့်ရှိသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့မတိုင်မီ သတ်မှတ်ထားသည့်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲရယူခြင်းကိစ္စကိုလည်း လာရောက်ကြည့်ရှု ခွင့်ရှိသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးပြီး ပေးပို့လာသောစာအိတ်များပေါ်တွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက လက်ခံရရှိသည့် အမှတ်စဉ်၊ နေ့ရက်နှင့်အချိန်တို့ကို ဖော်ပြ၍ ပုံစံ (၁၈-)တွင် ရေးသွင်းခြင်း၊ ယင်းစာအိတ်များကို ချိပ်ပိတ်ထားသည့် မဲပုံးများအတွင်းသို့ ထည့်ခြင်းတို့ကို ကြည့်ရှုခွင့်ရှိသည်။

ရွေးကောက်ပွဲကျင်းပသည့်နေ့ ညနေ နာရီထိုးသည်နှင့် သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက အဆိုပါ ချိပ်ပိတ်ထားသော မဲပုံးကိုဖွင့်၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်ရာတွင် ကြည့်ရှုခွင့်ရှိသည်။

 

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရန်အချက်များ

(က)    ရွေးကောက်ပွဲကိုယ်စားလှယ်အတွက် စိစစ်ရေးကတ်ပြားကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲမှ ထုတ်ယူရန်၊

()     ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါးအယောင်ဆောင်သော ပြစ်မှုကို ကျူးလွန်သူဖြစ်ကြောင်း ကန့်ကွက်လိုလျှင် ကန့်ကွက်မဲစာရင်းပုံစံ (၁၄)တွင် လက်မှတ်ရေးထိုး၍ မဲရုံမှူးထံ တင်ပြကန့်ကွက်ရန်၊

()     မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကိုယ်စားလှယ်လောင်းအသီးသီးရရှိသည့် ဆန္ဒမဲအရေ အတွက်ကို ပြုစုထားသည့် ပုံစံ (၁၉)တွင် လက်မှတ်ရေးထိုးရန်၊

()    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ [မဲဆန္ဒနယ်တစ်နယ်တွင် ခရိုင် တစ်ခုသာ ပါဝင်ပါက] ရရှိသည့်ဆန္ဒမဲစာရင်း ပုံစံ (၁၉-က)နှင့် [ ခရိုင်တစ်ခုထက်ပို ပါဝင်ပါက ] ပုံစံ (၁၉-)တွင် လက်မှတ်ရေးထိုးရန်၊

()     တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးရရှိသည့် ဆန္ဒမဲ အရေအတွက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြုစုထားသည့် ပုံစံ (၁၉-)တွင် လက်မှတ် ရေးထိုးရန်။

 

သတိပြုရမည့်အချက်များ

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း (၁၃)တွင် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရပါ။ အခန်း (၁၄)တွင် ပြဋ္ဌာန်းထားသည့် တရားမဲ့ပြုကျင့်မှုတစ်ခုခုကို ပြုလုပ်ခြင်းမပြုရပါ။ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူး လွန်ခြင်းမပြုရပါ။

 

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦး အထူးမှတ်သားရန်အချက်များ

(က)    ရွေးကောက်ပွဲဆိုင်ရာ မိမိ၏ ဆောင်ရွက်ချက်မှန်သမျှသည် မိမိ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေမည်။

()     ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်း ပျက်ယွင်းသူဟု ကြေညာခြင်းခံရလျှင် ယင်းသို့ကြေညာသည့်နေမှစ၍ လက်ရှိ လွှတ်တော်သက်တမ်းအတွက် ကျင်းပမည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရရှိပါ။

 

ကိုယ်စားလှယ်ကောင်းမှအောင်နိုင်မည်

အနှစ်ချုပ်ဆိုရသော် ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦးသည် ၎င်း၏ လွှတ်တော် ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းမှစတင်ပြီး အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအနိုင်ရ၍ ကန့်ကွက်ခံရပါက ခုခံဖြေရှင်းခြင်းနှင့် မိမိ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်မခံရသည့်အခါ ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာတင်သွင်းခြင်း လုပ်ငန်းစဉ်များတွင် ဦးဆောင်ဦးရွက်ပြု၍ ပါဝင်ဆောင်ရွက်ကြ ရသည်။ မဲစာရင်းကပ်ထားကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံတွင်မဲပေးခြင်း၊ ဆန္ဒမဲလက်မှတ် ရေတွက်ခြင်း၊ ပုံစံများတွင်ရေးသွင်းခြင်း စသည့်လုပ်ငန်းစဉ်များတွင် ကြည့်ရှုကြရသည်။ လိုအပ်သည်များကိုထောက်ပြခြင်း၊ ကန့်ကွက်ခြင်းများပြုကြရသည်။ လုပ်ငန်းတာဝန်များပြား၍ အရေးကြီးသောတာဝန်များကို ယူကြရသည်။

 

ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦး၏ ပြုမူဆောင်ရွက်ချက်များသည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်လောင်းက ဆောင်ရွက်ပြုမူချက်များဖြစ်သကဲ့သို့ မှတ်ယူရမည် ဖြစ်သည်။ သို့ပါ၍ မိမိဆောင်ရွက်မည့်ကိစ္စမှန်သမျှ၊ ဆောင်ရွက်ပြီးကိစ္စမှန်သမျှ သို့မဟုတ် ဆက်လက်ဆောင်ရွက်မည့်ကိစ္စမှန်သမျှကို မိမိ၏လွှတ်တော်ကိုယ်စားလှယ်လောင်းထံ အစဉ် သဖြင့် အသိပေးတင်ပြနေဖို့လိုပါမည်။ ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ရွေးကောက်ပွဲတွင် စွမ်းဆောင်နိုင်သမျှ လုံ့လစိုက်လျက် တရားသဖြင့် သန့်ရှင်းသောနည်းလမ်းများဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါဝင်ဆောင်ရွက်ကြမှသာလျှင် မိမိတို့၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးကောက်ပွဲအောင်နိုင်ရေး ကောင်းစွာအထောက်အကူပြုနိုင်ကြမည် ဖြစ်ကြောင်း ပါဗျာ။

ရွေးကောက်ပွဲကိုယ်စားလှယ်များသည်-

  • မိမိတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် အင်အားတစ်ရပ် ဖြစ်ပါစေ။
  • ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီ တရားသဖြင့် ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ကြပါစေ။
  • မိမိတို့၏လုပ်ငန်းတာဝန်များကို ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ။