၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  ၁၇  ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌  နံနက်(၈)နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

အဆိုပါအခမ်းအနား ကျင်းပပုံများကို ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ မိနစ် ၄၀  မှ စတင်ပြီး မြန်မာ့ ရုပ်မြင်သံကြား(MRTV)၊ မြန်မာ့ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း( NRC Channel )၊ MITV မြဝတီရုပ်မြင်သံကြား(MWD)၊  Skynet Up to Date ၊ Channel 9 ၊  MNTV ၊   One News ၊  မြန်မာ့အသံ ရေဒီယိုအစီအစဉ်နှင့် MRTV Webportal Facebook စာမျက်နှာများမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်