၂၀၂၀ ခုနှစ်အတွင်း သတင်းသမား ၅၀ လုပ်ငန်းခွင်အတွင်း အသတ်ခံခဲ့ရကြောင်း RSF ထုတ်ပြန်

၂၉ ဒီဇင်ဘာ

 

သတင်းသမားနဲ့ မီဒီယာလုပ်သား ၅၀ ဟာ လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ အသတ်ခံခဲ့ရကြောင်း နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ဒီနေ့(အင်္ဂနေ့)မှာ ထုတ်ပြန်ကြေညာပါတယ်။

 

ထုတ်ပြန်ကြေညာချက်တွင် ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ သတင်းသမား၊ လာဘ်ပေးလာဘ်ယူမှုနဲ့ သဘာဝပတ်ဝန်ကျင်းဆိုင်ရာ သတင်းတွေကို ဖော်ထုတ်ရေးသားတဲ့ သတင်းသမားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်ကြောင်း ပါရှိပါတယ်။

 

အသတ်ခံရ သတင်းထောက်တွေထဲက ၈၄ ရာခိုင်နှုန်းဟာ လုပ်ငန်းကြောင့် ရည်ရွယ်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်က ၆၃ ရာခိုင်နှုန်းသာ ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့ရတာဖြစ်ကြောင်း RSF ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

မက္ကဆီကိုနိုင်ငံမှာ သတင်းသမား ၈ ဦး အသတ်ခံခဲ့ရပါတယ်။ မူးယစ်ဆေးဝါးရောင်းချသူတွေနဲ့ နိုင်ငံရေးသမားတွေကြားက ဆက်နွှယ်မှုကို သတင်းရေးသားခဲ့တဲ့အတွက် အသတ်ခံခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

 

စစ်မက်ဖြစ်ပွားမှုကြားက အာဖဂန်နစ္စတန်နိုင်ငံမှာ သတင်းသမား ၅ ဦး အသတ်ခံခဲ့ရပါတယ်။

 

၂၀၁၉ ခုနှစ်က သတင်းသမား ၅၃ ဦး အသတ်ခံခဲ့ရပါတယ်။

 

ဖမ်းဆီးခံရသူ သတင်းသမား အရေအတွက်ဟာ ၃၈၇ ဦးရှိထဲတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး သတင်းတင်ပြမှုနဲ့ ဆက်နွှယ်ပြီး သတင်းသမား ၁၄ ဦး အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP

 

mdn