၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

မန္တလေး ၆ ဧပြီ

 

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပလျက်ရှိသည်။

 

အုပ်စု(က)တွင် အိမ်ရှင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် နီပေါအသင်းတို့ ပါဝင်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ယနေ့ ည ၆ နာရီတွင် မန္တလာသီရိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြသည့် အိမ်ရှင် မြန်မာနှင့် အင်ဒိုနီးရှားပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

MDN