၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီ) မှာ အမေရိကန်ဒေါ်လာ (၇၆၀၆) သန်း ဆောင်ရွက်နိုင်၊ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ (၂၃၁၃) သန်း လျော့နည်းခဲ့

နေပြည်တော်၊ ၂၀ ဇန်နဝါရီ

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ဒီဇင်ဘာလထိ) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု (ယာယီစာရင်းအရ) ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၆၀၆ သန်းတွင် ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆၈၆ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉၂၀ သန်း ဖြစ်ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၁၅ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၅ သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၉၂၀ သန်း ဖြစ်သဖြင့် ယခင်ဘဏ္ဍာနှစ်ထက် ပို့ကုန် ၁၂၂၉ ဒေါ်လာသန်း၊ သွင်းကုန် ၁၀၈၄ ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၁၃ သန်း လျော့နည်းခဲ့ပါသည်။

 

ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက်တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်း ဖြစ်ပါသည် -

 

mdn

 

ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အောက်ပါအတိုင်းဖြစ်ပါသည်-

 

mdn

 

ကုန်သွယ်ရေးဦးစီးဌာန