၂၀၁၉ခုနှစ် နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလားမျက်မမြင်လမ်းလျှောက်ပွဲဆုပေးပွဲကျင်းပ

ရန်ကုန်  ၁၅  အောက်တိုဘာ

 

(၂၀၁၉) ခုနှစ် နိုင်ငံတကာမျက်မမြင် လမ်းလျောက်တုတ်နေ့အထိမ်းအမှတ် (၂၈)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလားမျက်မမြင်လမ်းလျောက်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရန်ကုန်မြို့တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)က အဖွင့်အမှာစကားပြောကြား ခဲ့သည်။

 

ယင်းနောက် လမ်းလျောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သော မျက်မမြင်ကျောင်းများအား ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဖလားနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မျက်မမြင် ကလေးများအား မျက်မှန်များပေး အပ်လှူဒါန်းခဲ့သည်။

 

ယင်းနောက်လမ်းလျောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သော မျက်မမြင် ကျောင်းများကိုယ်စား မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတသဟာယမှ မောင်ယောရှုက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မျက်မမြင် ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးများဖြင့် တင်ဆက်ခဲ့ ကြောင်းသိရှိရသည်။

 

ကိုဘုန်း(ပြန်ဆက်)