၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲများကျင်းပ

နေပြည်တော် ၂ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို  ယနေ့နံနက် (၆) နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပသည်။

           

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မီတာ (၅၀ဝဝ) လမ်းလျှောက် (မ)၊ မီတာ (၈၀ဝ)အပြေး (ကျား/မ)၊ တုတ်ထောက်ခုန် (မ)၊ မီတာ (၄၀ဝ) တန်းကျော်ပြေး(ကျား/မ)၊ ကြိုးတပ်သံလုံးပစ် (ကျား)၊ မီတာ (၁၀ဝ) အပြေး (ကျား/မ)၊ လှံတန်ပစ် (ကျား)၊ တန်းမြင့်ခုန်(ကျား)၊ မီတာ (၁၀ဝ) အပြေး (ကျား/မ)၊ မီတာ (၄၀ဝ) တန်းကျော်ပြေး (ကျား/မ)၊ အလျားခုန် (မ)၊ မီတာ (၂၀ဝဝ) တားဆီးကျော်ပြေး (ကျား/မ)၊ မီတာ (၈၀ဝ) အပြေး (ကျား/မ) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။

           

အလားတူ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားလက်ဝှေ့ရုံ၌ အမျိုးသမီး (၄၅)ကီလိုတန်းပြိုင်ပွဲ အမျိုးသား (၅၅)ကီလိုတန်း၊ အမျိုးသမီး (၄၉)ကီလိုတန်းပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြသည်။

           

အဆိုပါပြိုင်ပွဲများသို့ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

 

သတင်းစဉ်