၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး)  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်   ၃၀  အောက်တိုဘာ

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။

 

၉+

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၂+

ထို့နောက်  ဘောလုံးပြိုင်ပွဲ ကျင်းပရာ ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက် (၁)ဂိုးစီ ရရှိသည်။

အဆိုပါ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၄)သင်းက  နိုဝင်ဘာ ၁၂ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း (၁)နှင့် (၃)တို့တွင် နေ့စဉ်နံနက် (၇)နာရီခွဲနှင့် ညနေ(၃) နာရီတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင် စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရသည်။

(သတင်းစဉ်)