၂၀၁၉ ခုနှစ် အတွက် ရည်မှန်းချက်များချမှတ်ရန် ကမ္ဘောဒီးယား အာဏာရပါတီ နှစ်ပတ်လည်ညီလာခံ ကျင်းပ

၁၈ ဒီဇင်ဘာ

 

အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည်   ၂၀၁၈ ခုနှစ် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ရန်နှင့် ၂၀၁၉ ခုနှစ်အတွက် ရည်မှန်းချက်များ ချမှတ်ရန် နှစ်ပတ်လည် ညီလာခံကို ယနေ့က ကျင်းပခဲ့သည်။ 

 

ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ၏ ဂုဏ်ထူးဆောင်ဥက္ကဌ  ဆမ်ဒက် ဟန်ဆမ်ရင်က ယေဘုယျ အခြေအနေကိုအကဲဖြတ်ရန်  ယခုနှစ်အောင်မြင်မှုများကို ပြန်လည်ဆန်းစစ်ရန်နှင့် လာမည့်နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဦးတည်ချက်နှင့် စီမံချက်တို့ကို ချမှတ်ရန်  ရည်ရွယ်ပြီး အဆိုပါ  ညီလာခံကို ကျင်းပခဲ့သည်ဟု ဆိုသည်။

 

၃ ရက်ကြာကျင်းပသည့်  ညီလာခံက  ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) တွင် လက်ရှိ ဗဟိုကော်မတီဝင် ၈၆၅ ဦး ရှိရာ အဖွဲ့ဝင် အသစ်အချို့ကို ထည့်သွင်းရန်လည်း မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် ဇူလိုင် ၂၉ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အမတ် ၁၂၅ နေရာ အားလုံး အနိုင်ရရှိခဲ့သည်။

 

လွှတ်တော်ဥက္ကဌလည်းဖြစ်သူ ဆမ်ဒက်ဟန်ဆမ်ရင်က ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ နိုင်ငံရေး ၊ စီးပွားရေး အလုံးစုံ ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထိုညီလာခံတွင်  ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဖြစ်သူ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)  ဥက္ကဌ ဆမ်ဒက်ဟွန်ဆမ်  က သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းပြည်အနှံ့မှ ပါတီဝင်ပေါင်း ၃၁၆၄ ဦး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို