၂၀၁၈ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးငယ် ၁၂၀ဝ၀ သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါချိုတဲ့

၂၀၁၈ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးငယ်များ သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါချိုတဲ့မှုများ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ 

 

၂၀ဝ၅ ခုနှစ်တွင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးသူငယ်များ၏ ဆင်းရဲဒုက္ခကို ဖော်ပြရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂက ကလေးငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ 

 

ပြီးခဲ့သည့်နှစ်အတွင်းက ကလေးငယ်ပေါင်း ၁၂၀ဝ၀ သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါချို့တဲ့ ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လေ့လာသူများ၏ အဆိုအရ အဆိုပါ စစ်တမ်းသည် အမြင့်မားဆုံးဖြစ်သည်ဟု ဆိုသည်။ 

 

ဆိုမာလီယာ၊ နိုက်ဂျီးရီးယားနှင့် ဆီးရီးယားတို့တွင် ကလေးငယ်များသေဆုံးမှု အမြင့်ဆုံးဖြစ်သည်။

 

ကလေးသူငယ်များမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း အမြောက်အမြားခံခဲ့ရသည် ဟု ဆိုသည်။ 

 

လက်နက်ကိုင်ပဋိပက္ခများအတွင်း စာသင်ကျောင်းများစွာ  ဖျက်ဆီးခံခဲ့ရသည်ဟု အဆိုပါ အစီရင်ခံစာအရ သိရသည်။ 

 

ပြီးခဲ့နှစ်များအတွင်းကလည်း အာဖရိကအနောက်ပိုင်း မာလီတွင် ကျောင်းပေါင်း ၈၂၇ ကျောင်း ပိတ်ထားခဲ့ရပြီး ကလေးငယ်ပေါင်း ၂၄၀ဝ၀ဝမှာ ပညာသင်ကြားခြင်း မပြုနိုင်ပဲ ကျောင်းများမှ ထွက်ခွာသွားရသည်ဟု ဆိုသည်။

 

ကလေးများအပါအဝင် အရပ်သားများအား ပဋိပက္ခများအတွင်း တိုက်ခိုက်မှုတွင် စီမံညွှန်ကြားမှုများကို ရှောင်ကြဉ်ရန် သက်ဆိုင်ရာနိုင်ငံများကို တိုက်တွန်းထားခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကြေညာချက်တစ်စောင်တွင် ထုတ်ပြန်ထားသည်။ 

 

လက်နက်ကိုင် ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုခံရသည့် ကလေးငယ်များအတွက် ငြိမ်းချမ်းရေးမှာ အကောင်းဆုံး ကာကွယ်စောင့်ရှောက်မှုဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်