၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းအောင်မြင်ခဲ့

နေပြည်တော် ၂ ဇွန်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၇၈၉၈၄၅ ဦးရှိခဲ့ပြီး အောင်မြင်သူ ၂၅၉၁၉၁ ဦး ရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးမှ ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် အောင်ချက်အများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၇ ဒသမ ၅၅ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ မွန်ပြည်နယ်မှ အောင်ချက် ၃၇ ဒသမ ၄၂ ရာခိုင်နှုန်းဖြင့် တတိယအောင်ချက် အကောင်းဆုံးဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်မြင်မှုရာခိုင်နှုန်းမှာ တိုးတက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်က ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၃၇ ဒသမ ၆၀ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

MDN