၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော်  ၂၁  ဇွန်

 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် ခုံရုံးဥက္ကဌက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များတွင် ပညာဆက်လက် သင်ယူမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများအား ကျောင်းသား မိဘများကိုယ်စား ကျောင်းသားမိဘ တစ်ဦးထံသို့ ပေးအပ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

အခမ်းအနားသို့ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)