၂၀၁၇ခုနှစ် သြဂုတ်လအတွင်း အင်းလေးဒေသသို့ဝင်ရောက်သည့် နိုင်ငံခြားသားဧည့်သည်များထံမှ ဇုန်ဝင်ကြေး ကျပ်တစ်ထောင့်ငါးရာ ကိုးဆယ့်လေးသိန်းကျော်ရရှိခဲ့

အင်းလေး ၄ အောက်တိုဘာ

၂၀၁၇ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်း အင်းလေးဇုန်ကို နိုင်ငံခြားသားဧည့်သည် ၁၂၈၂၈ ဦး ဝင်ရောက်ခဲ့ပြီး ရရှိငွေကတော့ ၁၅၃၉၃၆၀ဝ၀ ကျပ် ဖြစ်ကြောင်း အင်းလေးဇုန် ဝင်ခွင့်ကြီးကြပ်ရေးကော်မတီက (EFSC) ရဲ့ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရှိရပါတယ်။

၄င်းရရှိငွေထဲကနေ ရှမ်းပြည်နယ် အစိုးရ ဘဏ်အကောင့်ထဲကို လေးဆယ့်ငါးရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၆၉၂၇၁၂၀ဝ ၊ အင်းလေးကန်ထိန်းသိမ်းရေး ဘဏ်အကောင့်ထဲကို လေးဆယ့်ငါးရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၆၉၂၇၁၂၀ဝ ကျပ်နဲ့ ကျပ် ၁၅၃၉၃၆၀ဝ ဖြစ်တဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုလည်း အခြားဘဏ်အကောင့်သို့ သွင်းပြီးဖြစ်တယ်လို့ ခြောက်ရာခိုင်နှုန်းကနေ တစ်ဆယ်ရာခိုင်နှုန်းကို ဝန်ထမ်းစရိတ်နဲ့ လုပ်ငန်းလည်ပတ်စရိတ်အဖြစ် အသုံးပြုလျက်ရှိပါတယ်။

 ကျန် နှစ်ခိုင်နှုန်းကနေ လေးရာခိုင်နှုန်း ကိုတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အသုံးပြုသလို ကျန်နှစ်ရာခိုင်နှုန်းကိုတော့  အင်းလေးဒေသ အရပ်ဘက်အဖွဲ့အစည်းတွေ အတွက် ကျပ် ၁၀ သိန်းနဲ့ အောက် အဆိုပြုတွေ လျောက်ထားပြီး အင်းလေးကန်ထိမ်းသိမ်းရေးအတွက် ရှမ်းပြည်နယ် အစိုးရက စီစဉ် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 
၂၀၁၇ ခုနှစ် ဧပြီလမှာ နိုင်ငံခြားသားဧည့်သည် ၁၁၈၇၂ ဦး၊  မေလမှာ ၈၉၉၅ ယောက်၊ ဇွန်လမှာ ၆၅၅၈ ဦး၊ ဇူလိုင်မှာ ၉၈၇၄ ဦး ဝင်ရောက်ခဲ့ပါတယ်။


MDN