၂၀၀၈-၂၀၀၉ နောက်ပိုင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမဆုံးတက်လှမ်းခွင့်ရရှိခဲ့တဲ့ ဗီလာရီးယဲလ် အသင်း

ဗီလာရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၀၈-၂၀၀၉ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံး အကြိမ်တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းဟာ ပထမအကျော့မှာ ဂျူဗင်တပ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး မတ် ၁၆ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒုတိယအကျော့မှာ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဗီလာရီးယဲလ်အသင်းက ဂျူဗင်တပ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်