(၂၀) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင် ပြိုင်ပွဲကျင်းပ

နေပြည်တော် ၁၀ ဇွန်

 

မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံနိုင်ငံများ နှင့်အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ (20th ASEAN+ Age-Group Chess Championship - 2019) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းရှိ မိုးလုံလေလုံ ဘက်စုံအားကစားရုံ၌ ကျင်းပသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဖွင့်အမှာ စကားပြောကြား ရာတွင်(၁၉၈၈) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်သည် ဝန်ကြီး ဌာန၏ ပံ့ပိုးမှုဖြင့် ပြည်တွင်း ပြိုင်ပွဲများအပြင် အာဆီယံနှင့် နိုင်ငံတကာပြိုင်ပွဲများကျင်းပနိုင်ခဲ့ပြီး စစ်တုရင်အားကစားကို ပိုမို တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ ပိုမိုစိတ်ဝင်စား လေ့ကျင့်ကစားနိုင်ရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် (Federation Internationale des Echecs - FIDE) အသိအမှတ်ပြုစစ်တုရင် ဒိုင်လူကြီးများ နှီးနှောဖလှယ်ပွဲများကို ဒိုင်သင်တန်း နည်းပြဆရာများ နှီးနှောဖလှယ်ပွဲကိုလည်းကောင်း မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပ နိုင်ခဲ့ပါကြောင်း။

 

ယခုပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ၉ နိုင်ငံမှ အားကစားသမားပေါင်း ၄၃၀ မှ သက်တမ်း အလိုက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားသမားအနေဖြင့် အားကစားသမား စိတ်ဓာတ် ပြည့်ဝစွာဖြင့် ဆုတံဆိပ်များသာမက(FIDE) မှ Grandmaster အဆင့်သတ်မှတ်မှု အပါအဝင် နိုင်ငံတကာအဆင့် သတ်မှတ်မှုများ ရရှိဆွတ်ခူးနိုင်ရေး အကောင်း ဆုံးယှဉ်ပြိုင်သွားကြမည် ဖြစ်ပါကြောင်း။

 

mdn

 

နိုင်ငံအသီးသီးမှ စစ်တုရင်အားကစားသမားများအနေဖြင့်(FIDE) ၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့အားလုံးသည် တစ်ဦးတည်းပမာပင်ဖြစ်သည်”နှင့် အညီချစ်ကြည်ရင်းနှီးမှုကွန်ရက်ကိုပိုမို ကျယ်ပြန့်စွာဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တုရင် ပထမရွှေ့ကွက်ရွှေ့၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံစစ်တုရင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည်ပြိုင်ပွဲဝင် စစ်တုရင်အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

 

အဆိုပါ ပြိုင်ပွဲကို ဇွန် (၉) ရက်မှ (၁၉) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်တုရင် အားကစားသမား (၁၉၃) ဦး၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မလေးရှား၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်တုရင်အားကစားသမား (၂၃၇) ဦး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီးများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်း ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ /ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ သူနာပြုအုပ်များ၊ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတွင် (၁၆) ခုတင်ဆံ့ဆေးရုံမှ (၂၀ဝ၀) ခုတင် ဆံ့ ဆေးရုံအထိဆေးရုံပေါင်း (၁,၁၄၄) ရုံရှိပြီး (၂၀၁၈-၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ဆေးဝါးဝယ်ယူရန် အတွက် (၁၂၀) ဘီလီယံကျပ်၊ ဆေးပစ္စည်းကိရိယာ ဝယ်ယူရန်အတွက် (၆၄) ဘီလံယံကျပ် လျာထားခဲ့ပါကြောင်း။


ဝန်ကြီးဌာနမှ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင် စနစ်တကျအလေအလွင့် မရှ ိစေရေးစနစ်တကျ သုံးစွဲမှုကြောင့်လည်းကောင်း၊ နိုင်ငံတော်မှ ထပ်မံခွင့်ပြု၍လည်းကောင်း ဆေးဝါးဝယ်ယူရန် ရရှိလာသော (၂၅) ဘီလီယံကျပ်နှင့် ဆေးပစ္စည်း ကိရိယာဝယ်ယူရန် ရရှိလာသော (၃၂) ဘီလီယံကျပ်၊ စုစုပေါင်း (၅၇) ဘီလီယံကျပ်ကို စနစ်တကျအမြန်ဆုံး အသုံးပြုဝယ်ယူသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြည်သူ့ဆေးရုံကြီးများအလိုက်၊ ဆေးလက်တွေ့ပညာ ဘာသာရပ်ဌာနများအလိုက်  ဆေးနှင့်ဆေးပစ္စည်းကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု၊ တည်ဆောက်ပြုပြင် ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့် ဆေးနှီးနွှယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာစသည့် လိုအပ်ချက် များကိုဦးစားပေးအလိုက် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသွားကြရန် ဖြစ်ပါကြောင်း၊ အရည်သွေး ပြည့်ဝကောင်းမွန်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ပိုမိုစနစ်တကျတိကျစွာ ဝယ်ယူနိုင် ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းကိရိယာ အမျိုးမျိုးအတွက် အရည်အသွေးသတ်မှတ်ချက်များ (specification bank) ကို ပြုစုထားရှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


မြန်မာနိုင်ငံတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါဖြစ်ပွားမှုမှာ တစ်စထက်တစ်စ များပြားလာ လျက်ရှိရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကျေးလက်ကျန်းမာရေးဌာန (၅၄၀) ခုတွင်သွေးတိုးနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှု ဆေးခန်းများကိုအပတ်စဉ် ဖွင့်လှစ်ကာ စစ်ဆေးကုသမှုပေးလျက်ရှိပါကြောင်း။


ဝန်ထမ်းများ တာဝန်ကျရာနေရာဒေသတွင် သက်တောင့်သက်သာ နေထိုင်နိုင်ရန်အတွက် ဝန်ထမ်း အိမ်ရာများကိုလည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာ အခန်းပေါင်း (၆,၇၃၆) ခန်းပြီး စီးခဲ့ပြီး ဆောက်လုပ်လျက်ရှိသည့် အခန်းပေါင်း (၁၀,၃၇၇) ခန်းအနက် အများစုမှာယခုနှစ်အတွင်း ထပ်မံပြီးစီးမည်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ များပိုမိုသိသာစွာ တိုးမြှင့်ခွင့်ပြု အသုံးပြုဆောင်ရွက်လျက်ရှိပြီး သုတေသန ဆိုင်ရာ စွမ်းဆောင် ရည်မြှင့်သင်တန်းများကိုလည်း ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)တွင် သုတေသနစွမ်းဆောင် ရည်မြှင့်ဌာနကြီးအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။


ဆေးရုံများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများမှ ဦးစား ပေးလိုအပ်ချက်များ တင်ပြတောင်းခံမှုများကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ ယခုဘဏ္ဍာ နှစ်တွင် ဖြည့်ဆည်းပေးနိုင်သည်များကို ယခုဘဏ္ဍာနှစ်တွင်လည်းကောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးနိုင်မည်များကို လာမည့်ဘဏ္ဍာနှစ်တွင်လည်းကောင်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

mdn


ဆက်လက်၍ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းကိရိယာ၊ ဓာတ်ခွဲ စမ်းသပ်မှု၊ ကုသမှု၊ တည်ဆောက် ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့်ဆေးနှီးနွယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာနှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်မှုများကို တင်ပြခဲ့ပြီး အကြံပြုဆွေးနွေးချက်များ ပေးအပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အကြံပြုဆွေး နွေးချက်များအပေါ် တစ်ခုချင်းစီအလိုက် အသေးစိတ်ဆွေးနွေးခဲ့ပြီး ချက်ချင်းဖြည့်ဆည်းပေး နိုင်သည်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည်များကို အဆင့်လိုက် အပိုင်း လိုက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)