၁၉၇၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပြတ်ရှုံးပွဲကြုံခဲ့တဲ့ ဘိုင်ယန်မြူးနစ်

မိုချန်ဂလာဘတ်ချ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ အောက်တိုဘာ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစား ခဲ့တဲ့ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲဒုတိယအဆင့်ပွဲစဉ်မှာ မိုချန်ဂလာဘတ်ချ်ကို ငါးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပြီ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုအများဆုံး ပြုလုပ်နိုင်ခဲ့ပါတယ်။ မိုချန်ဂလာဘတ်ချ်ကတော့ ဂိုးပေါက်ခြိမ်းခြောက်မှု နည်းခဲ့ပေမယ့် သွင်းဂိုးငါးဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချေပဂိုးပြန်လည်မသွင်းယူနိုင်ခဲ့ဘဲ အခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၈၅ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့ မှတ်တမ်းကောင်းတစ်ရပ်လည်း အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အခုလိုရှုံးပွဲကြုံခဲ့ရတာဟာ နည်းပြနာဂျယ်စမန်း ကိုဗစ်-၁၉ ရောဂါကြောင့် နေအိမ်မှာ သီးသန့်ခွဲထား စောင့်ကြည့်မှု ခံယူထားရတာကြောင့် အနီးကပ်မညွှန်ကြားနိုင်ခဲ့လို့ဖြစ်တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။

နည်းပြအက်ဒီဟက်တာရဲ့ မိုချန်ဂလာဘတ်ချ်အသင်းဟာ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ဘွန်ဒက်လီဂါပြိုင်ပွဲမှာတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ရှစ်ပွဲမှာ လေးပွဲအထိ ရှုံးပွဲကြုံခဲ့ရတာကြောင့် ဘွန်ဒက်လီဂါ အမှတ်ပေးဇယားနောက်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်