(၁၇)ကြိမ်မြောက် အသံမစဲ မဟာပဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ထန်းတပင်မြို့အမှတ်(၄)ရပ်ကွက်တွင်ကျင်းပ

ထန်းတပင်   ၁၅   အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက် ဓမ္မာရုံကြီးတွင် (၁၇)ကြိမ် မြောက်အဖြစ် တစ်ညတာ အသံမစဲ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ(၁၄) ရက်နေ့၊ ညပိုင်းအချိန်ကကျင်းပပြုလုပ်ခဲ့ကြသည်။

 

1

 

အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုကြွရောက်တော်မူလာကြသည့်သံဃာတော်အရှင်သူမြတ်(၁၁)ပါးနှင့် ရပ်ကွက်နေပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆိုကာစတင်ခဲ့ပြီး သီရိမင်္ဂလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဉတ္တရက ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါတာတော်ဖြင့် မြတ်စွာဘုရားအား ပင့်ဆောင်တော်မူပြီး ပဌာန်းတရားတော်မြတ်နာကြားနိုင်ရန်အတွက် နတ်ဗြဟ္မာ များအားဖိတ်ကြားခဲ့သည်။ ဆက်လက်၍ သီရိမင်္ဂလာကျောင်းတိုက်ဆရာတော်က ပဌာန်း ဒေသနာ တော်ကျမ်းရွတ်ဖတ်ပူဇော်ရန်အတွက် တိုက်တွန်းပဌာန်း အခါတော်ကြားဂါတာ တော်ကို ရွတ်ဖတ်ခဲ့ပြီး မဟာပဌာန်းကျမ်းမြတ်ကိုစတင်ရွတ်ဖတ်ပူဇော်ကာ တစ်ညတာအသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော် ခြင်းကိုကျင်းပပြုလုပ်ခဲ့ကြသည်။

 

မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း အမှတ် (၄)ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်မှာ(၁၇)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မြင့်မှဦးဆောင်၍ ရပ်ကွက်နေပြည်သူများစုပေါင်းကာကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)