၁၇ နှစ်တာကာလအတွင်း ဆုဖလားလက်မဲ့ရာသီနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ရတော့မယ့် စီရိုနယ်လ်ဒို

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ မန်ယူအသင်း ထွက်ခဲ့ရပြီးနောက် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၁၇ နှစ်တာကာလအတွင်း ဆုဖလားလက်မဲ့ရာသီနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတား စီရိုနယ်လ်ဒိုဟာ ၂၀၀၅ ခုနှစ်ကတည်းက ကလပ်အသင်းအဆင့်မှာ ဆုဖလားကို ဘောလုံးရာသီတိုင်း ရယူဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုဘောလုံးရာသီမှာ ဆုဖလားရရှိဖို့ မဖြစ်နိုင်တော့တာကြောင့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုရဲ့ကစားခဲ့တဲ့ အသင်းတိုင်းနဲ့ ဆုဖလားဆက်တိုက်ရရှိခဲ့တဲ့စံချိန် အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ပရီမီယာလိဂ်ပြိုင်ပွဲမှာ ပွဲစဉ် ၂၉ အပြီးမှာ ရမှတ် ၅၀ နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်