(၁၁၂)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ သံဃဒါန အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ

အိမ်မဲ  ၁၃  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့တွင် (၁၁၂)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ သံဃဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၄ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ (၁၁၂)ကြိမ်မြောက် အိမ်မဲမြို့နယ်လုံးဆိုင်ရာ သံဃဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို နံနက် ၄ နာရီတွင် မြတ်စွာဘုရား အမှူးထား၍ ကျောင်းတိုက်ပေါင်း (၄၅)ကျောင်းမှ ပင့်သံဃာ (၂၁၀)ပါးက ရန်အောင်မြေ ရွှေဘုံသာဘုရားတန်းဆောင်မှ မြို့တွင်းတစ်ပတ် အရုဏ်ဆွမ်းအလှူခံ ကြွရောက်ကြပြီး မြို့နယ်အတွင်းရှိ စေတနာရှင် ပြည်သူအပေါင်းက စာရေးတံမဲများ သင်္ကန်းများ၊ ဝတ္တုငွေများနှင့် အရုဏ်ဆွမ်းများကို လောင်းလှူ ပူဇော်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ် (ပြန်/ဆက်)