၀က်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာ အနိုင်ယူခဲ့သည့် မန်ယူ

mdn

၃၁ မတ်

 

ပရီမီယာလိဂ် ပွဲစဉ် (၃၁) ပွဲစဉ်များကို စနေနေ့ ညပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ယူအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့၏ ပွဲတွင် မန်ယူအသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 

မန်ယူအသင်းသည် နည်းပြဆိုးရှားလ်ကို အမြဲတမ်းနည်းပြအဖြစ် ခံအပ်လိုက်ပြီး နည်းပြသစ်အနေဖြင့် အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့သလို ပွဲချိန် ၂၈ မိနစ်တွင် ရပ်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် ပထမပိုင်းတွင် ဦးဆောင်ကစားနိုင်ခဲ့သည်။ 

 

ဒုတိယပိုင်းမှာ ဝက်ဖို့ဒ်အသင်း ချေပဂိုးပြန်လည်ရရှိရေးအတွက် ဖိအားပေးကစားလာခဲ့သော်လည်း မန်ယူ အသင်းက ပွဲချိန် ၇၂ မိနစ်တွင် မာရှယ်လ်က ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ ဝက်ဖို့ဒ်အသင်းအတွက် ချေပဂိုး တစ်ဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ဒူကိုယေက သွင်းယူနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် မန်ယူအသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  

 

ပရီမီယာလိဂ်ပွဲစဉ်ရလဒ်များ

 

ဖူလ်ဟမ် ဝ - ၂ မန်စီးတီး
ဘရိုက်တန် ဝ - ၁ ဆောက်သမ်တန်
ဘန်လေ ၂ - ဝ ဝုလ်ဗ်
ခရစ္စတယ်ပဲလေ့စ် ၂ - ဝ ဟတ်ဒါဖီးလ်
လက်စတာ ၂ - ဝ ဘုန်းမောက်
မန်ယူ ၂ - ၁ ဝက်ဖို့ဒ်