ယူအီးအက်ဖ်အေ စူပါဖလားကို   ဘိုင်ယန်မြူးနစ် ဆွတ်ခူး

mdn

၂၅ စက်တင်ဘာ

 

 ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲအဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆီဗီလာအသင်းတို့ သောကြာနေ့ မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက  ဆီဗီလာအသင်းကို ခက်ခက်ခဲခဲ ကစားပြီး အချိန်ပိုတွင် သွင်းယူခဲ့သည့် သွင်းဂိုးဖြင့်အနိုင်ယူကာ ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးရရှိခဲ့သည်။

 

ဆီဗီလာအသင်းမှာ ပွဲချိန် ၁၃ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို ပွဲချိန် ၃၄ တွင် ဂေါ်ရက်ဇ်ကာ ပြန်လည်သွင်းယူခဲ့သည်။ ဒုတိယပိုင်းမှာ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် အချိန်ပိုဆက်ကစားရာမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သေချာသည့်အနိုင်ဂိုးကို ပွဲချိန် ၁၀၄ မိနစ် မာတီးနက်ဇ်က သွင်းယူခဲ့သည်။

 

 ပွဲပြီးဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းက နှစ်ဂိုး - တစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ယူအီးအက်ဖ်အေ စူပါဖလားကို  ဆွတ်ခူးရရှိခဲ့သည်။

 

MDN