ဆန်ဖရန်စစ္စကို ဩဂုတ် ၃
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ် စပို့ကိန်းမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် တောမီးသုံးခု အရှိန်အဟုန်ဖြင့် ကူးစက်လောင်ကျွမ်းသဖြင့် ဩဂုတ် ၂ ရက် နောက်ဆုံးထားပြီး လူပေါင်း ၆၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း ဒေသတာဝန်ရှိသူများက ပြောသည်။
ယင်းတောမီးများကြောင့် ဒေသခံများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားအဆောက်အအုံပေါင်း ၆၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု တာဝန်ရှိသူများ က ခန့်မှန်းထားသည်။ ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းအထိ တောမီးများကြောင့် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး အစီရင်ခံဖော်ပြထား ခြင်း မရှိသေးကြောင်း၊ ထို့အပြင် ပျောက်ဆုံးသူလည်း မရှိသေးကြောင်း သိရသည်။
ဩဂုတ် ၂ ရက်အထိ ဧက ၅၃၉၀ (၂၂ စတုရန်းကီလိုမီတာ) မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်မှု ကို ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ဗဟိုစီမံခန့်ခွဲမှု ဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ လေပြင်းတိုက်ခတ်မှုများ၊ အပူချိန်မြင့်မားမှုများနှင့် သစ်တောသစ်ပင်များ ခြောက်သွေ့မှုများကြောင့် တောမီးလောင်ကျွမ်းမှုမှာ လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိကြောင်း၊ စပို့ကိန်းမြို့ ဒေသအများအပြားတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားကြောင်းနှင့် ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဘော့ဖာဂူဆန်က ပြည်နယ်တစ်ဝန်း တောမီးဆိုင်ရာအရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။
ဆင်ဟွာ


