ဝန်းသိုမြို့၌ အယ်လ်နီညိုအပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ဝန်းသို အောက်တိုဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အယ်လ်နီညိုအပူဒဏ်အန္တရာယ် ကာကွယ်ရေးအသိပညာပေး (Talk Show) ကို ယနေ့ နံနက်၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

 

အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်သွင်ဇာဦး (ဒုတိယဦးစီးမှူး)နှင့် ဒေါ်ခက်မြတ်စိုး (ဒုတိယဦးစီးမှူး)တို့က အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များနှင့် ကြုံတွေ့နိုင်သည့် သဘာဝဘေးအန္တရာယ်များအကြောင်း၊ အယ်လ်နီညိုရာသီဥတုကြောင့် ထိခိုက်မှုလျှော့နည်းစေရန် ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ အယ်လ်နီညိုအပူဒဏ်အန္တရာယ်ကို ကြိုတင်ကာကွယ်ရှောင်ကြဉ်ရန်အချက်များ၊ အပူရှပ်ခြင်းမဖြစ်ခင်နှင့် အသက်အန္တရာယ်ရှိသောအပူရှပ်ခြင်း လက္ခဏာများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ Talk Show၊အစည်းအဝေး/ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ Club အသင်းများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် သင်တန်းများ ဖွင့်လှစ်ခြင်းအပြင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန် /ဆက်)