ဝက်လက်မြို့နယ် တအုံကျေးရွာ၌ ဝါယာရှော့ဖြစ်၍ မီးလောင်

ဝက်လက် ၂ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် တအုံကျေးရွာ၌ ဧပြီ ၁ ရက် ညပိုင်းက ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၁ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ဝက်လက်မြို့နယ် တအုံကျေးရွာ၌ မီးလောင်နေကြောင်း သတင်းအရ ဝက်လက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်းနိန် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရွှေပန်းကုံးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦး၊ ရဲတပ်ဖွဲ့ဝင် (၅) ဦး၊ ကျေးရွာနေပြည်သူ ၂၀ဝ တို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ဝ၀ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဦးသန်းစိုး၏ နေအိမ်တွင် ညမီးလင်းရန်ထွန်းသည့် ဘက်ထရီဝါယာမှရှော့ဖြစ်၍ နေအိမ်သို့သို့ကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍  ဦးသန်းစိုး ကို ဝက်လက်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)