နေပြည်တော် အောက်တိုဘာ ၈
တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက် လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများ အနေဖြင့် ဝမ်းသာအားရကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ DPLA အမည်ခံအဖွဲ့ဝင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး သုံးဦး၊ TNLA အဖွဲ့ဝင် အမျိုးသား နှစ်ဦး၊ PDF အမည်ခံ အဖွဲ့ဝင်အမျိုးသား ရှစ်ဦး နှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၂၂ ဦးတို့သည် လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း သို့ ထပ်မံဝင်ရောက်ခဲ့သဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် သေနတ် သုံးလက်၊ ပစ္စတိုသေနတ် နှစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် တိုင်းမှူးက မောင်းပြန်ရိုင်ဖယ် သုံးလက်အတွက် ငွေကျပ်သိန်း ၁၅၀၊ ပစ္စတိုသေနတ်နှစ်လက်အတွက် ငွေကျပ်သိန်း ၆၀၊ လက်ပစ်ဗုံး တစ်လုံးအတွက် ငွေကျပ်သုံးသိန်း၊ ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာ သူ ၂၂ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၂၂ သိန်း စုစုပေါင်းဆုကြေးငွေကျပ် ၂၃၅ သိန်းနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုး စေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။
ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မတ္တရာမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသားတစ်ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား နှစ်ဦး၊ အောင်မြေသာစံ မြို့နယ်မှ အမျိုးသားတစ်ဦး၊ ကျောက်မဲမြို့နယ်မှ အမျိုးသားတစ်ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး သုံးဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသားတစ်ဦး၊ မုံရွာမြို့နယ်မှ အမျိုးသမီးတစ်ဦး စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် DPLA၊ TNLA နှင့် PDF အဖွဲ့များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက် အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်း ချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း တို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြု လိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူများ၏ ရင်တွင်းစကား သံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အလင်းဝင် အမျိုးသား
PDF အဖွဲ့ထဲကို ရောက်ရှိသွားတာကတော့ သူငယ်ချင်းအပေါင်းအသင်းတွေ မြှူဆွယ်ရာမှာ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ PDF အဖွဲ့ထဲ တွေ့ကြုံခဲ့ရတာကတော့ ခက်ခဲပါတယ်။ စားရေးသောက်တာအစ အကုန်လုံးခက်ခဲခဲ့ပြီးတော့ ပင်ပန်းခဲ့တယ်။
ပင်ပန်းဆင်းရဲတဲ့အတွက် ကျွန်တော်လည်း အလင်းဝင်ရောက်လာဖို့အတွက် ဆုံးဖြတ်လိုက်တာပါ။ နေထိုင်တဲ့ကာလအနေနဲ့ ကျွန်တော်လေးနှစ် လောက်နေခဲ့ရပါတယ်။
တာဝန်ယူတာကတော့ နောက်ဆုံး အဆင့်မှာတော့ တပ်ရင်းမှူး Level နဲ့ ကျွန်တော် တာဝန်ယူခဲ့ရပါတယ်။ နေရာဒေသအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတော့ သပိတ်ကျင်းနယ်မှာ တာဝန်ထမ်းဆောင်ခဲ့ရပါ တယ်။ တပ်မတော်စစ်ကြောင်းနဲ့ တိုက်ခိုက်ခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်။ အတွေ့အကြုံဖြစ်စဉ်များပါတယ်။ တိုက်ခိုက်ကျဆုံးတာတွေ လည်းရှိခဲ့ပါတယ်။ အလင်းဝင် ရောက်လာဖို့ စတင်ဆုံးဖြတ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဒီအကြမ်းဖက်အဖွဲ့အစည်းကနေ တရားမျှတမှုမရှိတဲ့အတွက် ယုံကြည်မှုမရှိလို့ဘဲ အလင်းဝင်ပြီး နောက်ပိုင်းမှာတော့ ကျွန်တော့် မိသားစုနဲ့အတူနေပြီး တပ်မတော်အတွက် နိုင်ငံ့တာဝန်ကို ပြန်လည် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။
၁၀၀


