ရန်ကုန် ဩဂုတ် ၂၃
ဂျပန်နိုင်ငံ၌ကျင်းပသည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် မြန်မာ ယူ-၁၂ အသင်း အုပ်စုအဆင့်မှ ထွက်ရပြီးနောက် သြဂုတ် ၂၃ ရက်တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာ ယူ-၁၂ အသင်းသည် ခြေစမ်းပွဲတွင် ဂျပန်လူငယ်ကလပ် နာဒီရှီကိုအသင်းကို တစ်ဂိုး-ဂိုးမရှ်ိဖြင့် အနိုင်ရပြီး လီဘာတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ရာသီဥတုအခြေအနေကြောင့် အုပ်စုသုံးပွဲအနက် နှစ်ပွဲသာကစားခဲ့ရန် ပြိုင်ပွဲကျင်းပရေးက ဆုံးဖြတ်ခဲ့ပြီး မြန်မာ ယူ-၁၂ အသင်းနှင့် အူရာဝါရတ် ဒိုင်းမွန်းအသင်းတို့ ရမှတ် တစ်မှတ်စီတူညီခဲ့ပြီး အုပ်စုဒုတိယနေရာအတွက် မဲနှိုက်ဆုံးဖြတ်ခဲ့ရသည်။ ပြိုင်ပွဲစည်းမျဉ်းအရ ဂိုးမရှိသရေကျသည့်ပွဲကို ရမှတ်မပေးသဖြင့် မြန်မာအသင်းသည် နှစ်ဂိုးစီသရေကျသည့်ပွဲအတွက်သာ တစ်မှတ်ရခဲ့ပြီး မဲနှိုက်ဆုံးဖြတ်ရာတွင် အသင်းကိုယ်စား အသင်းခေါင်းဆောင်က မဲနှိုက်ရာ ကံမကောင်းဘဲ အုပ်စုတတိယသာရပြီး နောက်တစ်ဆင့် တက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MFF


