တူနစ် ဩဂုတ် ၂၀
တူနီးရှားနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၆၀ ဒသမ ၂၈ သန်းရှိကြောင်း ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း တူနီးရှားနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီက ဩဂုတ် ၁၉ ရက်တွင် ပြောသည်။
အဆိုပါ ကာလအတွင်းဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ၇၂ ရာခိုင်နှုန်းရှိပြီး စွမ်းအင်ကဏ္ဍတွင် ၁၉ ရာခိုင်နှုန်းရှိကြောင်း အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


