အန်ကာရာ အောက်တိုဘာ ၁၁
လူငယ်အသုံးပြုသူများ၏ လုံခြုံရေးနှင့် အွန်လိုင်းပေါ်တွင် အနိုင်ကျင့်မှု၊ နှောင့်ယှက်မှုများဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် တူကီယဲနိုင်ငံ၌ အသက် ၁၅ နှစ်အောက်ကလေးများ၏ လူမှုကွန်ရက် အသုံးပြုခွင့်ကို ကန့်သတ်ရန် စည်းမျဉ်းစည်းကမ်းသစ်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
စည်းမျဉ်းသစ်အရ အသက် ၁၅ နှစ်အောက်ကလေးများ လူမှုကွန်ရက် အသုံးပြုခွင့်မရရှိစေရန် လူမှုကွန်ရက် ပလက်ဖောင်းများက တားဆီးဆောင်ရွက်ပေးရမည်ဖြစ်သည်။ အောက်တိုဘာ ၁၀ ရက်တွင် စတင်မိတ်ဆက်ခဲ့သည့် အဆိုပါစည်းမျဉ်းများ၌ အသုံးပြုသူများ၏ အသက်ကို စစ်ဆေးအတည်ပြုခြင်းနှင့် သတ်မှတ်အသက်အရွယ် မပြည့်မီသူများ အကောင့်ဖွင့်ခြင်းကို တားဆီးခြင်းတို့ ပါဝင်သည်။
ယင်းစည်းမျဉ်းသစ်သည် အသက်ငယ်ရွယ်သူများ၏ လုံခြုံရေးကိုလည်း ပိုမိုအားကောင်းစေမည်ဖြစ်ပြီး ပါလီမန်၏ အတည်ပြုချက်ရရှိပါက နိုဝင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


