တရုတ်နိုင်ငံတစ်ဝန်း စာသင်ကျောင်းများပြန်ဖွင့်ရန် နှောင့်နှေးလျက်ရှိ

၁၇ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံတွင် လူပေါင်း ၇၀၀၀၀ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ကျောင်းများပြန်ဖွင့်ရန် နှောင့်နှေးနေခဲ့သည် ဟု ဆိုသည်။

 

တရုတ်နိုင်ငံရှိ မူလတန်းနှင့် အထက်တန်းကျောင်းများသည် နှစ်သစ်ကူးအားလပ်ရက်များအပြီး ယနေ့တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားလျက်ရှိသည်။

 

သို့သော်လည်း အချို့သော ကျောင်းများသည် မတ်လ ၂ရက်နေ့အထိ ဖွင့်လှစ်မည်မဟုတ်ဟု ဆိုသည်။

 

ယနေ့တွင် မူလတန်းနှင့် အထက်တန်းကျောင်းသားများအတွက် အွန်လိုင်းသင်ကြားရေးပစ္စည်းများကို အာဏာပိုင်များက ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို မည်သို့ရှောင်ရှားရမည့် ဆိုသည့် ညွှန်ကြားချက်များကို ဆရာများမှ ဗီဒီယိုဖိုင်များတွင် ဖော်ပြထားသည်ဟု ဆိုသည်။

 

ပေကျင်း၊ ရှန်ဟိုင်းနှင့်ကွမ်ကျိုးရှိ ဂျပန်ကျောင်းများသည်မတ်လ ၂ ရက်နေ့ နောက်ပိုင်းမှ ကျောင်းများဖွင့်လှစ်မည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်