တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀ အထိရှိလာပြီး ၂၇၀၀ ကျော် ကူးစက်ခံထားရကြောင်း ကြေညာ

၂၇ ဇန်နဝါရီ

ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့တဲ့ ဝူဟန်မြို့တည်ရှိရာ ဟူဘီပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူ ၈၀ အထိလာပြီး တစ်နိုင်ငံလုံးမှာ ရောဂါခံစားနေရသူပေါင်း ၂,၇၄၄ ဦးရှိကြောင်း၊ လူပေါင်း ၆,၀၀၀ နီးပါးမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်လို့ သံသယရှိပြီး လူပေါင်း ၃၀,၀၀၀ ကျော်ဟာ ဆေးဝါးကုသခံယူနေကြောင်း  တရုတ်အစိုးရက ဒီကနေ့ (ဇန်နဝါရီ ၂၇ ရက်နေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။ 

 

10

 

ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ ဝူဟန်မြို့ရှိ ဆေးရုံမှာ စစ်တပ်ဆရာဝန်တွေအပါအဝင် ဆရာဝန်အင်အားတိုးမြှင့် ပေးထားသလို ဆေးရုံသစ်နှစ်ခုကိုလည်း စတင်ဆောက်လုပ်နေပါတယ်။  

 

101

 

သတင်းစာရှင်းလင်းပွဲမှာ မျက်နှာဖုံးဝတ်ဆင်ထားတဲ့ ဝူဟန်မြို့တော်ဝန်က ကျန်းမာရေးဝန်ထမ်းတွေဟာ တော်တော်လေး ပင်ပန်းနေကြပြီလို့ ပြောဆိုခဲ့ပါတယ်။  

 

103

 

ဝူဟန်မြို့မှာ ရှိနေတဲ့ နိုင်ငံခြားသားအချို့က သူတို့မှာ အစားအစာတွေ လျော့နည်းလာသလို၊ စိုးရိမ်ကြောက်စိတ်ကြောင့် သေဆုံးနိုင်တဲ့အတွက် နေရာရွှေ့ပြောင်းပေးဖို့  ဝူဟန်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ယူနေတဲ့ အာဖဂန်ကျောင်းသားက မေတ္တာရပ်ခံထားပါတယ်။ 

 

104

 

အမေရိကန်၊ ပြင်သစ်အပါအဝင် နိုင်ငံအချို့က ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ သူတို့နိုင်ငံသားတွေကို လေယာဉ်တွေ အသုံးပြုပြီး ပြန်လည်ခေါ်ယူခဲ့ကြပါတယ်။ 

တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွင်းမှာ ခရီးသွားမယ့်လူတွေအပေါ် အကျိုးသက်ရောက်မှာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ နှစ်သစ်ကူးပိတ်ရက်ကို ရက်တိုးပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မူလက တရုတ်နှစ်ကူးပိတ်ရက်ဟာ ဇန်နဝါရီ ၃၀ ရက်နေ့အထိဖြစ်ပေမယ့် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း အစိုးရသတင်းဌာနက ကြေညာသွားပါတယ်။ 

ဒါပေမယ့် မြို့တော်ဘေကျင်းနဲ့ တခြားမြို့တွေမှာ အစိုးရကနေ ကျောင်းဖွင့်ရက်ကို ထပ်မံကြေညာသွားမှာ ဖြစ်သလို ရှန်ဟိုင်းမှာတော့ ကျောင်းဖွင့်ရက်ကို ဖေဖေါ်ဝါရီ ၁၇ ရက်နေ့အထိ ပြောင်းလဲလိုက်တာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP