တရုတ်နိုင်ငံကို  ဉရောပနိုင်ငံသားတွေ လာရောက်နိုင်ကြောင်း ထုတ်ပြန်

၁၂ ဩဂုတ်

 

 

ဉရောပ ၃၆ နိုင်ငံမှ နိုင်ငံသားတွေကို တရုတ်နိုင်ငံထဲ ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွား လာတဲ့အတွက် တရုတ်နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ပိတ်လိုက်ရာ ထောင်ချီတဲ့ နိုင်ငံခြားတွေ တရုတ်နိုင်ငံ ဝင်ခွင့်မရဘဲ ဖြစ်နေပါတယ်။

 

 

နိုင်ငံခြားသားတွေကို နိုင်ငံထဲဝင်ခွင့် ပိတ်လိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အလုပ်လုပ်ခွင့် ဗီဇာ ရရှိထားတဲ့ နိုင်ငံခြားသားများ၊ တရုတ်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရထားတဲ့ နိုင်ငံခြားသားများနဲ့ တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေရဲ့ မိသားစုဝင်များဟာ မတ်လကစပြီး တရုတ်နိုင်ငံကို ဝင်ခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။

 

 

အခု သီတင်းပတ်ထဲမှာတော့ ဉရောပနိုင်ငံသားတွေ တရုတ်နိုင်ငံထဲကို  ဖြေလျှော့ပြီး ဝင်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

 

 

ဉရောပ ၃၆ နိုင်ငံထဲတွင် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတွေ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံမှာ နေထိုင်ခွင့် ရှိထားတဲ့ နိုင်ငံခြားသားတွေဟာ ပြည်ဝင်ခွင့် ဗီဇာကြေးပေးရန် မလိုဘဲ သက်ဆိုင်ရာ နိုင်ငံတွေရှိ တရုတ်သံရုံးတွေမှာ ဗီဇာ ပြန်လည် လျှောက်ထားရန် လိုအပ်ကြောင်း သိရပါတယ်။

 

 

ကပ်ရောဂါ ဗိုင်းရပ်စ်ပိုး မတိုင်မီ ရရှိတဲ့ တရုတ်နိုင်ငံ ဝင်ခွင့်ဗီဇာတွေဟာ ဖျက်သိမ်းပြီး ဖြစ်တဲ့အတွက် ပြည်ဝင်ခွင့် ဗီဇာတွေ ပြန်လည်လျှောက်ထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

 

 

တရုတ်နိုင်ငံကို လာရောက်သူတိုင်းဟာ သက်ဆိုင်ရာ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးထားတဲ့ ထောက်ခံစာနဲ့အတူ ၁၄ ရက်တိတိ သီးသန့်ခွဲခြား စောင့်ကြည့်နေထိုင်ရမှာ ဖြစ်ပါတယ်။

 

 

တရုတ်နိုင်ငံက လေကြောင်းဝင်ခွင့် ကန့်သတ်မှု အချို့ကိုလည်း ဖျက်သိမ်းထားကြောင်း၊ တရုတ်-ပြင်သစ် ခရီးစဉ်ကို ဩဂုတ်လကုန်ကစပြီး သီတင်း သုံးပတ်တိုင်း ပျံသန်းမယ်လို့ သိရပါတယ်။

 

 

ပြီးခဲတဲ့ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးကို တရုတ်နိုင်ငံက ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုလပိုင်း အတွင်းမှာ ဒေသတွင်း ကူးစက်မှုတွေ ပြန်လည် တွေ့ရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား- AFP