ယင်းချွန်း အောက်တိုဘာ ၁၂
(၄၇) ကြိမ်မြောက် ကမ္ဘာ့စပျစ်နှင့် ဝိုင်ညီလာခံကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ နင်ရှားဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ယင်ချွမ်းမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နင်ရှားဒေသသည် တရုတ်နိုင်ငံ၏ အရေးပါသော ဝိုင်ထုတ်လုပ်ရေးဒေသတစ်ခုဖြစ်သည်။
အဆိုပါညီလာခံကို နိုင်ငံတကာ စပျစ်နှင့် ဝိုင်အဖွဲ့အစည်း (OIV) ၏ (၂၄) ကြိမ်မြောက် အထွေထွေညီလာခံနှင့်အတူ ပူးတွဲကျင်းပခြင်းဖြစ်ပြီး ၁၉၂၄ ခုနှစ်နောက်ပိုင်း အာရှဒေသတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ညီလာခံကို အောက်တိုဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။
နင်ရှားဒေသတွင် ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း ၂၆၁ ခုရှိပြီး ယင်းတို့အနက် ဝိုင်ထုတ်လုပ်ရေးစက်ရုံ ၁၃၀ ပါဝင်ကာ တစ်နှစ်လျှင် ဝိုင်ပုလင်းပေါင်း သန်း ၁၄၀ ခန့် ထုတ်လုပ်လျက်ရှိသည်။ ဒေသတွင်း ဝိုင်လုပ်ငန်းသည် ခရီးသွား လုပ်ငန်းနှင့်လည်း ဆက်စပ်ဖွံ့ဖြိုးလာပြီး ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဝိုင်အရသာ မြည်းစမ်းလေ့လာနိုင်သည့် နေရာများသည် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။
ဆင်ဟွာ


