နေပြည်တော် အောက်တိုဘာ ၃
၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၆ ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားရုံ(A) ၌ ကျင်းပရာ ၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းနှင့်နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ခြောက်ဂိုး - ငါးဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် တစ်ဦးချင်း နေရာလိုက် အကောင်းဆုံးဆုများဖြစ်သည့် အကောင်းဆုံးကစား သမားဆု၊ အကောင်းဆုံး ဂိုးသမား ဆု၊ ဂိုးသွင်းအများဆုံးဆုရရှိသူများနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုရရှိသည့် အသင်းများ၊ အသန့် ရှင်းဆုံး အသင်းဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တပ်မတော်(ရေ)မှ အရာရှိကြီး တစ်ဦးက ပထမဆု ဆွတ်ခူးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု အသင်းအား တံခွန်စိုက် ဆုဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသားလှံတံပစ် ပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော် အားကစားရုံ(A)၌ အမျိုးသား ခတပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများ အပြီးတွင် ဆုပေးပွဲအခမ်းအနားကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် အားကစားသမားများအား ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီး တစ်ဦးနှင့် တာဝန်ရှိသူများက ငွေသားဆုနှင့် တစ်ဦးချင်း ဆုများ အသီးသီး ပေးအပ်သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော် အားကစားရုံ(B)၌ အမျိုးသား/ အမျိုးသမီး အုပ်စု ပတ်လည်ပွဲစဉ်များကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော် အားကစားရုံ(C)၌ အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ (က)တန်း၊ အမျိုးသားဗန်တို အတိုက် ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားနှစ်လက် အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားတစ်လက် အတိုက် ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားတစ်လက် အတိုက်ပြိုင်ပွဲ (က)တန်း၊ အမျိုးသား ပန်ကြပ် ဆီလပ် အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ဓားတစ်လက် အတိုက်ပြိုင်ပွဲများ ကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ စံပယ်အားကစားရုံ၌ အလွတ်တန်း ၃ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည် ပွဲစဉ် များကို လည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ၅၀ ကီလိုတန်း (က)အဆင့်၊ ၅၄ ကီလိုတန်းနှင့် ၇၁ ကီလိုတန်း အလွတ်တန်းအဆင့်၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
အလားတူ ၂၀၂၆ ခုနှစ် (၆၃)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယ အဆင့်အုပ်စု ပတ်လည်ပွဲစဉ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်း က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


