တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၃

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အဖွဲ့ဝင်များနှင့်အတူ ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးသည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

 

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် အမျိုးသား ပြတိုက် Mini Theatre ၌ ကျင်းပ ပြုလုပ်လျက်ရှိသည့် အတီး (ပတ္တလား) အခြေခံပညာ (အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်) အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲကို လည်းကောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ နီလာခန်းမ၌ ကျင်းပပြုလုပ်သည့် အတီး(စောင်း) အခြေခံပညာ (အသက် ၁၅ နှစ်မှ အသက် ၂၀ နှစ်) အမျိုးသမီးပြိုင်ပွဲနှင့် အခြေခံပညာ (အသက် ၁၀ နှစ်မှ အသက် ၁၅ နှစ်) အမျိုးသမီးပြိုင်ပွဲကို လည်းကောင်း မြခန်းမ၌ ကျင်းပ ပြုလုပ်သည့် အဆို(အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး) အဆင့်မြင့်ပညာ အမျိုးသမီးပြိုင်ပွဲကို လည်းကောင်း သွားရောက် ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင် အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ကြည့်ရှုအားပေး

 

အဆိုပါပြိုင်ပွဲများသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုပညာကိုချစ်မြတ်နိုးကြသည့် မိဘပြည်သူများ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်