တပ်ကြပ်ကြီးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ဈာပနအခမ်းအနားကို ထိုင်းဘုရင်က အကုန်ကျခံတာဝန်ယူ သွားမယ်

၁၁ ဖေဖော်ဝါရီ 

 

ထိုင်းနိုင်ငံ ခိုရတ်မြို့မှာ တပ်ကြပ်ကြီးတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မနေ့ညနေ ၆ နာရီမှာ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားရာတွင် ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရားတို့ကလည်း ကျန်ရစ်သူမိသားစုတွေအား ဝမ်းနည်းကြောင်းပြောကြားခြင်းနဲ့ သေဆုံးသူတွေရဲ့ ဈာပနအခမ်းကိုပါ ငွေကြေးအကုန်ကျခံ ပေးသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။ 

 

ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပေထရီရက်ကလည်း ကျန်ရစ်သူမိသားစုတွေကို ထိုင်းဘတ်ငွေ ၁၀,၀၀၀ စီ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါတယ်။ 

 

4

 

ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ဝမ်းနည်းကြောင်း ပြတဲ့အနေနဲ့ နိုင်ငံတော်အလံကို အင်္ဂါနေ့မှာ တိုင်တစ်ဝက် လွှင့်ထူရန် နဲ့ လွှတ်တော်မှာ သုံးမိနစ်ငြိမ်ပေးရန်ကို ရန်ဂျစ်တက္ကသိုလ် ရဲ့ ဒုတိယဥက္ကဌက အကြံပြုထားပါတယ်။ 

 

ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း ကျန်ရစ်သူမိသားစုတွေကို လိုအပ်တာတွေ ကူညီနေတာကိုလည်း တွေ့ရပါတယ်။ 

 

ကျန်ရစ်သူမိသားစုများကို နစ်နာကြေးပေးရန် ထိုင်းဘတ်ငွေ တစ်သန်းကို ဒေသဆိုင်ရာအစိုးရအဖွဲ့ကနေ တဆင့် ပေးအပ်သွားမှာဖြစ်သလို ကျန်ရစ်သူမိသားရဲ့ သားသမီးငယ်တွေအား ပညာသင်ထောက်ပံ့ကြေးကို ဘွဲ့ရတဲ့အထိ ပေးအပ်သွားမယ်လို့ သိရပါတယ်။ 

 

5

 

အသတ်ခံခဲ့ရတဲ့ စစ်သားနဲ့ ရဲသားတွေရဲ့ အကြွေးတွေကို ခွန်ထိုင်းဘဏ် (Krungthai and Government Savings Banks) က လျော်ပေးလိုက်သလို ဘတ်ငွေ ၂၀၀,၀၀၀ နဲ့ ၁၀၀,၀၀၀ အသီးသီး ပေးအပ်ခဲ့ပါတယ်။ 

 

တခြားကျန်ရစ်သူမိသားစုတွေရဲ့ အကြွေးတွေကို အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းအထိ လျော့ချပေးပြီး အထူးအခွင့်အရေးပါ ဘဏ်သုံးဘဏ်နဲ့ အစိုးရအိုးအိမ်ဘဏ်တို့က ကူညီလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 

 

သေနတ်သမား တပ်ကြပ်ကြီး ဂျာကာပတ် ဟာ စည်းကမ်းဖောက်ဖျက်မှုမရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရသူက AFP ကိုပြောပါတယ်။ ဂျာကာပတ်ဟာ အထက်တန်းကျောင်း ပြီးဆုံးပြီးနောက် ခိုရတ်မြို့ရှိ ဆူရာသမ်ပီတက်ခ် စစ်သင်တန်းကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။ 

 

MDN
ကိုးကား- Bangkokpost and AFP