တန့်ယန်း အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ပုရိမဝါမှ ထတော်မူကြသော သံဃာတော် ၂၁၇ ပါး သံဃာ့ပဝါရဏာပြုတော်မူကာ သိမ်ဆင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို အောက်တို ဘာ ၂၆ ရက် မွန်းလွဲပိုင်းက မဟာမြတ်မုနိဘုရားကြီး ဓမ္မဂုဏ်ရည်ကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို လောင်းလှူခဲ့ကြပြီး ညပိုင်းတွင် အောင်တော်မူစေတီတော်၌ ဆီမီးအမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ ဓမ္မစကြာတရား ရွတ်ဖတ်ပူဇော်ခြင်း၊ ရှမ်းရိုးရာ တိုးနရား ကိန္နရီအကများဖြင့် ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယကို အေးချမ်းပျော်ရွှင်စွာဖြင့် ဆင်နွှဲကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)


