တွံတေး ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လမ်းတံတား လုပ်ငန်းများကို မြေပြင်ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


