တံတားဦး သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာတွင် မြေငှားဂရန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က မြေငှားဂရန် ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန်များကို ပြည်သူများလက်ဝယ် အရောက် ပေးအပ်ကြသည်။ ထို့နောက် ရွှေပေါ်ကျွန်း ကျေးရွာသူ ကျေးရွာသားများကိုယ်စား ဦးညွန့်လှိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


