ထားဝယ် အောက်တိုဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လေးခရိုင် အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲအဖြစ် မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်(က)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ မြိတ်ခရိုင်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဒုတိယဆုရရှိသော ထားဝယ်ခရိုင်(က)အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးသန်းက ပထမဆုရရှိသော မြိတ်ခရိုင်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် မြိတ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


